Menu

Saturday, December 27, 2014

ဒုက္ခ

တကယ်တန်း လက်တွေ့မှာ..
လက်ဖ၀ါး နဲ့ လက်ဖမိုး
အမြင်နှစ်မျိုး တည်းနဲ့တော့
ဒီလောက်တိုင်ပတ်နေစရာမလိုပါဘူးလေ.....
ပြဿနာ တစ်ခုမှာ
နည်းနည်း သက်ဆိုင်သူက နဲနဲ ပြဿနာရှိပြီး
များများ သက်ဆိုင်သူက များများပြဿနာရှိကြတယ်
လူတစ်ယောက်ရဲ့ အိမ် ...... မီးလောင်နေဒါက
ကျွန်တော် ဘစ်စ် ကားပေါ်မှာ ထိုင်ခုံမရဒါလောက်
အရေးကြီးပါ့မလား..........
အမျိုးသမီး တစ်ယောက် အနိုင်ကျင့်ခံနေရတာက...
ကျွန်တော် ရှူးရှူးပေါက်ချင်နေဒါလောက်
အရေးကြီးပါ့မလား........
တကယ်တော့ ဒုက္ခ တရားဆိုတာ
ပါရမီ ရှိသူတွေမှ ကြုံသိကြတာ
သူအို.၊သူနာ.၊ သူသေ.၊ ရဟန်း
လူတိုင်း မြင်ဘူးကြတာဘဲလေ..........

Nyan Htet Shine

No comments:

Post a Comment